Search:

ပြည်တွင်းသတင်း
နိုင်ငံတကာ သတင်း
Post Your News
Skip Navigation Links
MAI လက်မှတ်ဖြင့် အခြားလေကြောင်းလိုင်း ၇ လိုင်း ပြောင်းလဲစီးခွင့် ယခုနှစ် ဆောင်ရွက်မည်

27/Feb/2013

E-Mail this article Printable Version
MAI လက်မှတ် ဝယ်ယူထားသော်လည်း အခြားလေကြောင်းလိုင်း ပြောင်းလဲစီးနိုင်မည့် (Code Share Partner) သဘောတူညီချက်ကို နိုင်ငံတကာ လေကြောင်းလိုင်း ၇ ခုနှင့် ယခုနှစ်အတွင်း စာချုပ်ချုပ်ဆိုသွားရန် ရှိကြောင်း သိရသည်။ “MAI လက်မှတ် ဝယ်ထားတယ်။ အကြောင်းကြောင်းကြောင့် TG Air (လေကြောင်းလိုင်း)ကို စီးချင်တယ်ဆိုရင် ပြောင်းစီးလို့ရမယ့် ပုံစံပေါ့။ အပြန်အလှန် ပြောင်းလဲစီးပိုင်ခွင့် ရှိပါတယ်” ဟု MAI လေကြောင်းလိုင်းမှ မားကက်တင်း မန်နေဂျာ မအေးမရသာက ပြောသည်။ အဆိုပါ လေကြောင်း ပြောင်းလဲ စီးနင်းနိုင်ရန် ရွေးချယ်ခွင့်အတွက် Code Share ပါသော လေယာဉ်လက်မှတ်ကို ဈေးနှုန်းတစ်ခုဖြင့် ဝယ်ယူရမည်ဖြစ်သည်။ MAI လေကြောင်းလိုင်းမှ ယခင်က Code Share Partner များ ဖြစ်သော ထိုင်းအဲဝေး၊ မလေးရှားအဲလိုင်း၊ ကာတာအဲလိုင်းတို့နှင့် စာချုပ်ပြန်လည် ချုပ်ဆိုမည့်အပြင် အဲအိန္ဒိယ၊ အဲဖရန့်၊ ကိုရီးယားအဲ၊ အောနီပွန်အဲဝေးတို့နှင့်ပါ ထပ်မံ၍ စာချုပ်ချုပ်သွားရန် ရှိကြောင်း သိရသည်။ လက်ရှိတွင် MAI လေကြောင်းလိုင်းသည် ရန်ကုန်မှ တိုက်ရိုက် ခရီးစဉ်အဖြစ် ဘန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူ၊ ကွမ်ကျိုး၊ ဂယာ၊ စီရမ်ရိ၊ ဖနွမ်ပင်တို့အပြင် မန္တလေးမှ တိုက်ရိုက် ခရီးစဉ်များအဖြစ် ဘန်ကောက်နှင့် ဂယာတို့သို့ ပြေးဆွဲ ပျံသန်းလျက် ရှိကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။
E-Mail this article Printable Version
နောက်ဆုံးရ အခြားပြည်တွင်းသတင်းများ
bullet
မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဆက်လက်ရှင်သန် ဖွံ့ဖြိုးလာစေရန်
ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ဆက်လက် ဆောင်ရွက်သွားမည်
bullet
မိတ္ထီလာမြို့ ပဋိပက္ခဖြစ်စဉ်၌ သံဃာတော်တစ်ပါး ပျံလွန်တော်မူသည့်ကိစ္စနှင့် ပညာရေးမှူးရုံး မီးရှို့မှုကိစ္စတို့အား ထောင်ဒဏ် အသီးသီးချမှတ်
bullet
ဖုန်းလိုင်းကျပ်မှု ကြုံလျှင် သက်ဆိုင်ရာ အိတ်ချိန်းမှ ဖြေရှင်းပေးမည်
bullet
ကြေညာချက်အမှတ် ၁/၂၀၁၃ လွှတ်တော် အတည်ပြု
bullet
အမေရိကန်-မြန်မာ ကုန်သွယ်ရေးကောင်စီ စတင်ဖွင့်လှစ်
bullet
လာဘ်စားမှုကင်းသော ကျောင်းအပ်လက်ခံမှုဖြစ်ရေး နာမည်ကြီး
ကျောင်းများ၌ ညွှန်ချုပ်များကိုယ်တိုင် စောင့်ကြည့်မည်
သတင်းအဖွင့်စာမျက်နှာသို့  | နိုင်ငံတကာသတင်းများသို့  | ပြည်တွင်းသတင်းများသို့ဈေးနှုန်းများဆီသို့  


Copyright © 2008 Khit Lu Nge
All Right Reserved