Search:

ပြည်တွင်းသတင်း
နိုင်ငံတကာ သတင်း
Post Your News
Skip Navigation Links
ဆိပ်ကမ်း အီလက်ထရွန်နစ်စနစ် ဆိပ်ကမ်းအားလုံးတွင် အသုံးပြုမည်

27/Feb/2013

E-Mail this article Printable Version
နိုင်ငံတကာ သင်္ဘောလိုင်းများ ဝင်ထွက်သွားလာနိုင်သည့် ဆိပ်ကမ်းများတွင် ဆိပ်ကမ်း အီလက်ထရွန်နစ်စနစ် (Port EDI) အသုံးပြုရန် ဂျပန်နိုင်ငံမှ အကူအညီပေးမည် ဖြစ်ကြောင်း သတင်းရရှိသည်။ “ဂျပန်က နည်းပညာ ကူညီပေးမယ်၊ ငွေကြေးကတော့ အစိုးရပိုင်းက လုပ်ဆောင်ရမှာ” ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ လက်ထောက် အထွေထွေမန်နေဂျာက ပြောသည်။ ဆိပ်ကမ်း အီလက်ထရွန်နစ်စနစ် (Electronic Data Interchange) သည် နိုင်ငံတကာ သင်္ဘောများ ဆိပ်ကမ်းသို့ ဝင်ရောက်ချိန်တွင် ဆိပ်ကမ်း အဝင်အထွက် လျှောက်လွှာ၊ သက်ဆိုင်ရာ အဆောက်အအုံများ သုံးစွဲခွင့်နှင့် ရုံးလုပ်ထုံးလုပ်နည်းများအရ အီလက်ထရွန်နစ် ဖြင့် အသုံးပြုသည့် စနစ်ဖြစ်သည်။ “သင်္ဘောတွေ ဆိုက်ကပ်တာ မနှစ်ကနဲ့ ဒီနှစ် အရေအတွက်က ကွာခြားသွားပါပြီ။ ဒီစနစ်ကို အချိန်မီ ဆောင်ရွက်ဖို့ လိုတယ်” ဟု ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ဒုညွှန်ကြားရေးမှူးက ပြောသည်။ မြန်မာနိုင်ငံ၏ ဆိပ်ကမ်းစနစ်သည် သင်္ဘောဝင်ရောက်ချိန်တွင် ဌာနပေါင်းစုံနှင့် ချိတ်ဆက် လုပ်ဆောင်ရသည့်အတွက် ကြန့်ကြာမှုများရှိနေပြီး ထိုအီလက်ထရွန်နစ်စနစ် အသုံးပြုပါက လုပ်ငန်းဆောင်တာများ လျင်မြန်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောသည်။ “စနစ်က ဂျပန်က EDI စနစ်ကို တင်ပြတာတော့ ကောင်းပါတယ်။ ဒီစနစ်ကို အသုံးပြုဖို့ကတော့ လိုဦးမယ်” ဟု မြန်မာ့စက်မှု ဆိပ်ကမ်းမှ ဝန်ထမ်းတစ်ဦးက ပြောသည်။ Port EDI စနစ်ကို အသုံးပြုနိုင်ရန် ဂျပန်နိုင်ငံနှင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပြီး ဆိပ်ကမ်းအားလုံးတွင် အသုံးပြုမည်ဟု သိရကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။
E-Mail this article Printable Version
နောက်ဆုံးရ အခြားပြည်တွင်းသတင်းများ
bullet
နိုင်ငံတော်သမ္မတအား အိမ်ဖြူတော်၌ ကြိုဆိုလက်ခံမည်
bullet
ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား ၂၃ ဦးအား ပြစ်ဒဏ်မှ လျှော့ပေါ့၍ လွတ်ငြိမ်းသက်သာခွင့်ပြု
bullet
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရှစ်ဆကျော် မြင့်တက်
bullet
စားသောက်ဆိုင်များတွင် စားသောက်ခွန် ၅ ရာခိုင်နှုန်းသာ ကောက်ခံရမည်
bullet
ရပ်နားထားသော ပြည်တွင်းရေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲ
bullet
အပြည်ပြည်ဆိုင်ရာ ကင်းထောက်အဖွဲ့ဝင်ရန် မြန်မာကြိုးပမ်းမည်
သတင်းအဖွင့်စာမျက်နှာသို့  | နိုင်ငံတကာသတင်းများသို့  | ပြည်တွင်းသတင်းများသို့ဈေးနှုန်းများဆီသို့  


Copyright © 2008 Khit Lu Nge
All Right Reserved