မန္တလေးမြို့အတွင်း အဆင့်မြင့်တက္ကစီများ ပြေးဆွဲရန် တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ တင်ပြထားသော ကုမ္ပဏီများအနက် ကုမ္ပဏီ သုံးခုသာ မော်တော်ယာဉ်များ တင်သွင်း၍ လုပ်ငန်း လုပ်ကိုင်လိုသူများအား ဘဏ်နှင့် ချိတ်ဆက်ကာ အရစ်ကျစနစ်ဖြင့် ရောင်းချပေးပြီး လုပ်ငန်းများ စတင်လျက်ရှိသည်။ ခေတ်မီဖွံ့ဖြိုး တိုးတက်သော မြို့ပြလူနေမှုစနစ်နှင့် လိုက်လျောညီထွေ ရှိစေရန် ပုဂ္ဂလိက လုပ်ငန်းရှင်များအား လုပ်ထုံးလုပ်နည်းနှင့် အညီ ကုမ္ပဏီများ ဖွဲ့စည်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက် ရယူပြီး ပြည်ပမှ မော်တော်ယာဉ်များ တင်သွင်း လုပ်ကိုင်ကြပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ စိစစ်၍ ပြည့်စုံမှန်ကန်မှသာ ခွင့်ပြုပေးခဲ့သည်။ ကုမ္ပဏီသုံးခုမှ saloon၊ Toyota၊ Probox ယာဉ်များ တင်သွင်းပြီး ပြေးဆွဲလျက်ရှိသည်။ AA နံပါတ်တပ် တက္ကစီယာဉ်တွင် မီတာတပ်ဆင်ထားပြီး ကနဦး ငှားရမ်းခ ကျပ် ၅ဝဝ အပါအဝင် တစ်ယူနစ် ကျပ် ၃၅ဝ နှုန်းဖြင့် လည်းကောင်း၊ မီတာမပါ ယာဉ်များသည် တစ်မိုင်လျှင် ကျပ် ၇ဝဝ နှုန်းဖြင့် ပြေးဆွဲပေးပြီး ငှားရမ်းစီးနင်းသူမှ တံတားဖြတ်ခ၊ လမ်းကြေး ပေးဆောင်ရန် မလိုကြောင်း သိရသည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။