Search:

ပြည်တွင်းသတင်း
နိုင်ငံတကာ သတင်း
Post Your News
Skip Navigation Links
နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ရေးအဆို ရှုံးနိမ့်

23/Feb/2013

E-Mail this article Printable Version
လျှပ်စစ်ဓာတ်အား လိုအပ်ချက် မြင့်မားနေသော မြန်မာနိုင်ငံတွင် နျူကလီးယား ဓာတ်ပေါင်းဖို တည်ဆောက်ပြီး လျှပ်စစ်ပြဿနာကို ဖြေရှင်းရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းသည့် အဆိုကို အမျိုးသား လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်ခဲ့ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။ ယင်းအဆိုကို ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်ကြည်က ဇန်နဝါရီလ ၂၃ ရက်နေ့က ပြုလုပ်သည့် အမျိုးသား လွှတ်တော်တွင် တင်သွင်းခဲ့ပြီး ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ပြုလုပ်သည့် အမျိုးသားလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၂၉ မဲ၊ ကန့်ကွက်မဲ ၁၁၀ ဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ “လျှပ်စစ်ဓာတ်အား လုံလောက်မှ ပြည်ပနိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှာ။ အနည်းဆုံး တစ်လုံးလောက်တော့ ဆောက်သင့်တယ်” ဟု ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနောင်က ဆိုသည်။ “နိုင်ငံတကာ အကြွေးတွေကိုတောင် မဆပ်နိုင်သေးဘဲနဲ့ မလုပ်သင့်ဘူး။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကိုသာ ဦးစားပေးသင့်တယ်” ဟု မန္တလေးတိုင်းဒေသကြီးမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက ပြောဆိုသည်။ နျူကလီးယား ဓာတ်ပေါင်းဖို မတည်ဆောက်သေးသော် လည်း လျှပ်စစ်စွမ်းအင် လိုအပ်ချက်ကြောင့် တည်ဆောက်လျှင် အဆင်သင့်ဖြစ်စေရန် အိမ်နီးချင်းနိုင်ငံများ၏ နျူဓာတ်ပေါင်းဖို တည်ဆောက် လည်ပတ်ပုံကို ကြိုတင်လေ့လာသင့်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်သန်းဦးက အကြံပြုခဲ့သည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
E-Mail this article Printable Version
နောက်ဆုံးရ အခြားပြည်တွင်းသတင်းများ
bullet
နိုင်ငံတော်သမ္မတအား အိမ်ဖြူတော်၌ ကြိုဆိုလက်ခံမည်
bullet
ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား ၂၃ ဦးအား ပြစ်ဒဏ်မှ လျှော့ပေါ့၍ လွတ်ငြိမ်းသက်သာခွင့်ပြု
bullet
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရှစ်ဆကျော် မြင့်တက်
bullet
စားသောက်ဆိုင်များတွင် စားသောက်ခွန် ၅ ရာခိုင်နှုန်းသာ ကောက်ခံရမည်
bullet
ရပ်နားထားသော ပြည်တွင်းရေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲ
bullet
အပြည်ပြည်ဆိုင်ရာ ကင်းထောက်အဖွဲ့ဝင်ရန် မြန်မာကြိုးပမ်းမည်
သတင်းအဖွင့်စာမျက်နှာသို့  | နိုင်ငံတကာသတင်းများသို့  | ပြည်တွင်းသတင်းများသို့ဈေးနှုန်းများဆီသို့  


Copyright © 2008 Khit Lu Nge
All Right Reserved