Search:

ပြည်တွင်းသတင်း
နိုင်ငံတကာ သတင်း
Post Your News
Skip Navigation Links
မြန်မာ့ရေငန်ပုစွန်များ အမေရိကန် ဈေးကွက်သို့ တရားဝင် ပထမဆုံး တင်ပို့ပြီ

23/Feb/2013

E-Mail this article Printable Version
မြန်မာနိုင်ငံမှ ပို့ကုန်များကို နှစ်အတန်ကြာ ပိတ်ဆို့ထားပြီးနောက်ပိုင်း ပြန်လည်တင်သွင်းခွင့်ပြုခဲ့သည့် အမေရိကန် ဈေးကွက်သို့ မြန်မာနိုင်ငံမှ ပုစွန်များ ပထမဆုံးအကြိမ်အဖြစ် တရားဝင် ပို့ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း မြောက်ဥက္ကလာပစက်မှုဇုန်ရှိ အိုးရှင်းဟားဗက် (မြန်မာ) ကုမ္ပဏီလီမိတက်မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမြတ်အောင်ညွန့်(ခ) ဦးမောင်မောင်က ပြောကြားသည်။ ''အမေရိကန် ဈေးကွက်ကို တင်ပို့ဖို့အတွက် သူတို့က ကမ်းလှမ်းခဲ့တာပါ။ အေးခဲထားတဲ့ ရေငန်ပုစွန် ၁၇ ဒသမ ၁၆ တန်ကို အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့မှာရှိတဲ့ red Chamber ကုမ္ပဏီကို အအေးခန်း ကွန်တိန်နာနဲ့ ဖေဖော်ဝါရီ ၂၂ ရက်မှာ တင်ပို့လိုက်တာ ဖြစ်ပါတယ်'' ဟု ၄င်းက ပြောကြားသည်။ ဤသို့ အမေရိကန် ဈေးကွက်သို့ တရားဝင် ပထမဆုံးအကြိမ်အဖြစ် မြန်မာ့ရေငန်ပုစွန်များ တင်ပို့ခြင်းကို ငါးလုပ်ငန်း ဦးစီးဌာနကလည်း ကူညီပံ့ပိုးမှုများ ပြုလုပ်ခဲ့သည်။ ငါးလုပ်ငန်း ဦးစီးဌာနကလည်း ပို့ကုန်အရည်အသွေး စစ်ဆေးမှုကို ပြုလုပ်ခဲ့သည့်အပြင် စက်ရုံကိုလည်း စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ ထို့အပြင် အိုးရှင်းဟားဗက် (မြန်မာ) ကုမ္ပဏီလီမိတက် စက်ရုံမှ ဝန်ထမ်းများကိုလည်း သင်တန်းများပေးခဲ့ပြီး ယခု ရေငန်ပုစွန်များ သင်္ဘော မတင်မီ ဓာတ်ခွဲခန်း၌ စမ်းသပ်စစ်ဆေးခဲ့သည့်အပြင် အမေရိကန်သို့လည်း ပေးပို့ခဲ့သည်။ ''ကျွန်တော်တို့ စက်ရုံက အမေရိကန် FDA ခွင့်ပြုချက် လက်မှတ်ရရှိပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် အခုလို အမေရိကန် ဈေးကွက်အကြိုက် ရေငန်ပုစွန်တွေကို တင်ပို့နိုင်တာ ဖြစ်ပါတယ်။ နောက်ထပ်လည်း ကျွန်တော်တို့ ဆက်တိုက် တင်ပို့နိုင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်'' ဟု ၄င်းက ဆက်လက် ပြောကြားသည်။ ယခု ရေငန်ပုစွန်များကို ရန်ကုန်ဆိပ်ကမ်းမှ သင်္ဘောတင်ပို့လိုက်ခြင်း ဖြစ်ပြီး စင်ကာပူနိုင်ငံမှ တစ်ဆင့် အမေရိကန်နိုင်ငံသို့ သင်္ဘောဖြင့် သယ်ဆောင်သွားမည် ဖြစ်သည်။ အဆိုပါ ရေငန်ပုစွန်များကို အအေးခန်းပါ သင်္ဘောက အပူချိန် -၁၈ ဒီဂရီစင်တီဂရိတ်ဖြင့် ထိန်းသိမ်းကာ သယ်ဆောင်သွားခြင်းဖြစ်ပြီး မြန်မာနိုင်ငံမှ အမေရိကန်နိုင်ငံအထိ ရေကြောင်းခရီးဖြင့် သီတင်းသုံးပတ်ခန့် ကြာမြင့်မည် ဖြစ်သည်။ မြန်မာနိုင်ငံ၏ ရေထွက်ကုန် ပစ္စည်းများအနက် ရေငန်ပုစွန်ကို အမေရိကန်ဈေးကွက်သို့ ယခုအခါ တရားဝင် ပထမဆုံး တင်ပို့နိုင်ခြင်းသည် မြန်မာ့ရေထွက်ကုန် ပစ္စည်းများအတွက် အမေရိကန်ဈေးကွက်သို့ ထိုးဖောက်ရယူနိုင်ရေး အလားအလာကောင်းပင် ဖြစ်သည်။ ယခု တင်ပို့လိုက်သည့် ရေငန်ပုစွန်များသည် အမေရိကန်ဒေါ်လာ ၃၁ဝဝဝ တန်ဖိုးရှိကြောင်း ၄င်းက ပြောကြားခဲ့သည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။
E-Mail this article Printable Version
နောက်ဆုံးရ အခြားပြည်တွင်းသတင်းများ
bullet
နိုင်ငံတော်သမ္မတအား အိမ်ဖြူတော်၌ ကြိုဆိုလက်ခံမည်
bullet
ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား ၂၃ ဦးအား ပြစ်ဒဏ်မှ လျှော့ပေါ့၍ လွတ်ငြိမ်းသက်သာခွင့်ပြု
bullet
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရှစ်ဆကျော် မြင့်တက်
bullet
စားသောက်ဆိုင်များတွင် စားသောက်ခွန် ၅ ရာခိုင်နှုန်းသာ ကောက်ခံရမည်
bullet
ရပ်နားထားသော ပြည်တွင်းရေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲ
bullet
အပြည်ပြည်ဆိုင်ရာ ကင်းထောက်အဖွဲ့ဝင်ရန် မြန်မာကြိုးပမ်းမည်
သတင်းအဖွင့်စာမျက်နှာသို့  | နိုင်ငံတကာသတင်းများသို့  | ပြည်တွင်းသတင်းများသို့ဈေးနှုန်းများဆီသို့  


Copyright © 2008 Khit Lu Nge
All Right Reserved