Search:

ပြည်တွင်းသတင်း
နိုင်ငံတကာ သတင်း
Post Your News
Skip Navigation Links
၂၀၁၄-၂၀၁၅ ပညာသင်နှစ် မူလတန်း ပြဋ္ဌာန်းစာအုပ်များ အဆင့်မြှင့်မည်

23/Feb/2013

E-Mail this article Printable Version
အခြေခံပညာ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် လာမည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ် တွင် စာရွက်အရည်အသွေး အဆင့်မြှင့်ထားသော ပြဋ္ဌာန်းစာအုပ်များ စတင်ရောင်းချမည်ဖြစ်ကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုကိုတင်က ပြောကြားသည်။ အရည်အသွေး နိမ့်သော စာရွက်သား ပြဋ္ဌာန်းစာအုပ်များကြောင့် ကြာရှည်မခံဘဲ ပျက်စီးဆုံးရှုံးမှုများ ဖြစ်သည့်အတွက် စာရွက်သားများနှင့် ရုပ်ပုံများကို ကလေးများ စိတ်ဝင်စားစေရန် အဆင့်မြင့်ထားကြောင်း၊ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှသာ စတင်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။ ပြဋ္ဌာန်းစာအုပ်များ အဆင့်မြှင့်မည် ဆိုပါက စာရွက်သားများထက် သင်ရိုးညွှန်းတမ်းပိုင်းသည် ကျောင်းသား၊ ကျောင်းသူများ၏ လက်တွေ့ဘဝကို ပိုမိုအသုံးတည့်နိုင်ကြောင်း၊ အင်္ဂလန်နယူးကာဆယ် တက္ကသိုလ်မှ ပညာရေး မူဝါဒနှင့် သင်ရိုးညွှန်းတမ်း ဖွံ့ဖြိုးရေးဆိုင်ရာ ပါရဂူဘွဲ့ရရှိသူ ဒေါက်တာသိန်းလွင်က ပြောဆိုသည်။ “မူလတန်း၊ အလယ်တန်း၊ အထက်တန်းရော အားလုံး အဆင့်မြှင့်မှာ။ စာအုပ်၊ စာသားပါ မကဘူး။ သင်ရိုးညွှန်းတမ်းပိုင်း ရော နည်းနည်း ပြင်ထားတယ်” ဟု ညွှန်ကြားရေးမှူးချုပ်က ပြောဆိုသည်။ ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များကို စာသင်ကျောင်းက အခမဲ့ ပေးသော်လည်း စာသင်နှစ် ပြီးဆုံးပါက ပြန်လည်သုံးမရအောင် ပျက်စီးနွမ်းဖတ်သွား ကြောင်း အသစ်ပြန်လည် ပုံနှိပ်မည်ဆိုလျှင် စာအုပ်ကို သေသေသပ်သပ် ဖြစ်စေလိုကြောင်း ရန်ကုန်မြို့နေ မူလတန်း ကျောင်းသားတစ်ဦး၏ ဖခင်ဖြစ်သူက ဆိုသည်။ ပညာရေးဝန်ကြီးဌာနသည် နှစ်စဉ်ပြဋ္ဌာန်းစာအုပ် သန်း ၄၀ ပုံနှိပ်ထုတ်လုပ်ရာက ယင်းပြဋ္ဌာန်းစာအုပ်များ အရည်အသွေး မြှင့်တင်မည်ဆိုပါက သုံးနှစ်ကြာလျှင် တစ်ကြိမ်သာ ပုံနှိပ်နိုင်သည့်အတွက် ပိုလျှံသော ကုန်ကျစရိတ်ကို အရည်အသွေးကောင်းအောင် ပြုလုပ်နိုင်ကြောင်း ပညာရေးဝန်ကြီးဌာန ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေး သုံးသပ်ချက်အဖွဲ့၏ ၂၀၁၂ ခုနှစ်ကုန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

E-Mail this article Printable Version
နောက်ဆုံးရ အခြားပြည်တွင်းသတင်းများ
bullet
နိုင်ငံတော်သမ္မတအား အိမ်ဖြူတော်၌ ကြိုဆိုလက်ခံမည်
bullet
ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား ၂၃ ဦးအား ပြစ်ဒဏ်မှ လျှော့ပေါ့၍ လွတ်ငြိမ်းသက်သာခွင့်ပြု
bullet
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရှစ်ဆကျော် မြင့်တက်
bullet
စားသောက်ဆိုင်များတွင် စားသောက်ခွန် ၅ ရာခိုင်နှုန်းသာ ကောက်ခံရမည်
bullet
ရပ်နားထားသော ပြည်တွင်းရေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲ
bullet
အပြည်ပြည်ဆိုင်ရာ ကင်းထောက်အဖွဲ့ဝင်ရန် မြန်မာကြိုးပမ်းမည်
သတင်းအဖွင့်စာမျက်နှာသို့  | နိုင်ငံတကာသတင်းများသို့  | ပြည်တွင်းသတင်းများသို့ဈေးနှုန်းများဆီသို့  


Copyright © 2008 Khit Lu Nge
All Right Reserved