Search:

ပြည်တွင်းသတင်း
နိုင်ငံတကာ သတင်း
Post Your News
Skip Navigation Links
မြန်မာတိုင်းရင်းသား သင့်မြတ်ရေး အထူးကိုယ်စားလှယ် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌကို ခန့်အပ်

23/Feb/2013

E-Mail this article Printable Version
မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနှင့် တိုင်းရင်းသားများ ပြန်လည်သင့်မြတ်ရေး ကိစ္စများ ဆောင်ရွက်ရန် အထူးကိုယ်စားလှယ်အဖြစ် ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ  မစ္စတာယိုဟေး ဆာဆာကာဝါကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ဂျပန်အစိုးရအဖွဲ့က အချိန်ကာလ အကန့်အသတ်မရှိ ခန့်အပ်လိုက်ကြောင်း ယင်းဖောင်ဒေးရှင်းက သတင်းထုတ်ပြန်သည်။ မြန်မာအစိုးရနှင့် တိုင်းရင်းသားများအကြား ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွင် ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်နှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ကြားဝင် ဆောင်ရွက်ပေးရန် ဆာဆာကာဝါသည် ဂျပန်အစိုးရ ကိုယ်စားပြု၍ မြန်မာအစိုးရ၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဂျပန်အစိုးရအဖွဲ့၏ အတွင်းရေးမှူး ယိုရှီဟိုက်ဆူဂါက ပြောကြားကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီ မရှိသေးသော်လည်း ပေးအပ်ခံရသော ရာထူး၏ တာဝန်နှင့် လေးနက်မှုကို သဘောပေါက်၍ ကျေပွန်စွာ ထမ်းဆောင်သွားနိုင်ရန် အစွမ်းကုန်ကြိုးစားသွားမည်ဟု နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌက ပြောဆိုထားသည်။ “သူက အခု ဂျပန်နိုင်ငံ ကိုယ်စားပြုပြီး မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းတွေကို လိုအပ်သလို ပူးပေါင်း ဆောင်ရွက်ပေးသွားမှာပါ” ဟု ချင်းအမျိုးသားတပ်ဦး အတွင်းရေးမှူး ဦးရွှေခါးက ဆိုသည်။ ဂျပန်နိုင်ငံ အခြေစိုက် နီပွန်ဖော်ဒေးရှင်း၏ ဥက္ကဋ္ဌဖြစ်သူ မစ္စတာယိုဟေး ဆာဆာကာဝါကို ၁၉၃၉ ခုနှစ် ဇန်နဝါရီလတွင် မွေးဖွားခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် နီပွန်ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့အပြင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အရေပြားရေးရာ အထူးကိုယ်စားလှယ် တာဝန်ထမ်းဆောင်လျက်ရှိပြီး ၂၀၁၂ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံ တိုင်းရင်းသားများ၏ လူမှုဖူလုံရေးဆိုင်ရာ ဂျပန်နိုင်ငံ ချစ်ကြည်ရေး သံအမတ်ကြီးအဖြစ် ခန့်အပ်ခံရသည်။ နီပွန်ဖောင်ဒေးရှင်းသည် ၁၉၇၆ ကတည်းက လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးဆိုင်ရာ အစီအစဉ်များ၊ အနာကြီးရောဂါ တိုက်ဖျက်ရေး အစီအစဉ်များဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။ နီပွန်ဖောင်ဒေးရှင်းက ယခုနှစ်အတွင်း နယ်စပ်ဒေသများနှင့် နယ်စွန်နယ်ဖျားရှိ တိုင်းရင်းသား လူမျိုးစုများအတွက် အမေရိကန်ဒေါ်လာ သုံးသန်း တန်ဖိုးရှိသော လူသုံးကုန်ပစ္စည်းများ လှူဒါန်းထားကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

E-Mail this article Printable Version
နောက်ဆုံးရ အခြားပြည်တွင်းသတင်းများ
bullet
နိုင်ငံတော်သမ္မတအား အိမ်ဖြူတော်၌ ကြိုဆိုလက်ခံမည်
bullet
ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား ၂၃ ဦးအား ပြစ်ဒဏ်မှ လျှော့ပေါ့၍ လွတ်ငြိမ်းသက်သာခွင့်ပြု
bullet
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရှစ်ဆကျော် မြင့်တက်
bullet
စားသောက်ဆိုင်များတွင် စားသောက်ခွန် ၅ ရာခိုင်နှုန်းသာ ကောက်ခံရမည်
bullet
ရပ်နားထားသော ပြည်တွင်းရေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲ
bullet
အပြည်ပြည်ဆိုင်ရာ ကင်းထောက်အဖွဲ့ဝင်ရန် မြန်မာကြိုးပမ်းမည်
သတင်းအဖွင့်စာမျက်နှာသို့  | နိုင်ငံတကာသတင်းများသို့  | ပြည်တွင်းသတင်းများသို့ဈေးနှုန်းများဆီသို့  


Copyright © 2008 Khit Lu Nge
All Right Reserved