Search:

ပြည်တွင်းသတင်း
နိုင်ငံတကာ သတင်း
Post Your News
Skip Navigation Links
ရုရှားနိုင်ငံတွင် အပူလှိုင်းကျရောက်၍ တောမီးများလောင်ကျွမ်း

31/Jul/2010

E-Mail this article Printable Version

ရုရှားနိုင်ငံတွင် ဆယ်စုနှစ်များအတွင်း အဆိုးဝါးဆုံးသော အပူလှိုင်းကျရောက်၍ နေရာအနှံ့ တောမီးလောင်ကျွမ်းမှုများကြောင့် လူ ၂၉ ဦးထက်မနည်း သေဆုံးခဲ့သည်။ နော့ဂိုရော့ ဒေသတွင် အိမ်ပေါင်း ၃၄၀ ကျော် မီးလောင် ကျွမ်းခဲ့သည်။ ထိုအတောအတွင်း အပူအပိုင်းမုန်တိုင်းတစ်ခု တိုက်ခတ်ခဲ့သည်။ လူ ၇ ဦး သေဆုံးခဲ့သည်။ နေအိမ်ပျက်စီးသူများအား တစ်ဦးလျှင် ရူဘယ်ငွေ နှစ်သိန်းစီ အစိုးရက ထောက်ပံ့ပေးမည် ဖြစ်သည်။ ဗီရီးယာကျေးရွာတွင် အပူလှိုင်းကြောင့် မီးလောင်၍ အိမ်ခြေ ၅၀၀ ကျော် ဆုံးရှုံးခဲ့သည်။ မော်စကိုဒေသတွင် မီးသတ်သမားတစ်ဦးအပါအ၀င် လူ ၇ ဦး သေဆုံး၍ အိမ်ခြေ ၂၀ ပြာကျသွားခဲ့သည်။ အဆိုပါ တောမီးများအား လူ ၂ သိန်းကျော် ၀ိုင်းဝန်းငြိမ်းသတ်လျက် ရှိသည်။ မီးငြိမ်းသတ်ရေး လေယာဉ်ပေါင်း ၂၂၆ စင်း ပါဝင် ဆောင်ရွက်သည်။ ယခင်နှစ်များကနှင့်မတူ ယခုနှစ်တွင် မီးမုန်တိုင်းများပါ ကျရောက်သည်ကို တွေ့ရသည်။ မြို့တော်မော်စကို၏ အထပ်မြင့်အဆောက်အဦများတွင် မီးခိုးနှင့် မြူများဖုံးလွှမ်းလျက်ရှိသည်။ (အေအက်ပီ)

E-Mail this article Printable Version
နောက်ဆုံးရ အခြားနိုင်ငံတကာသတင်းများ
bullet
အစ္စရေးနှင့် ပါလစ္စတိုင်း ခေါင်းဆောင်နှစ်ဦး တိုက်ရိုက် တွေ့ဆုံဆွေးနွေး
bullet
သြစတြေးလျသွားမည့် လေယာဉ် အင်ဂျင်ချို့ယွင်း၍ ဆန်ဖရန်စစ္စကိုတွင် ပြန်လည်ဆင်းသက်
bullet
Discovery ရုံးတွင်း၌ ဓားစာခံ ဖမ်းဆီးထားသူများအား ရဲဘက်မှ ကယ်တင်
bullet
လာဟိုးမြို့တွင် ရှီးယား ဘာသာဝင်များအကြား ဗုံးပေါက်ကွဲမှုများ ဖြစ်ပွား
bullet
မက္ကဆီကိုနိုင်ငံ ကင်ကန်မြို့တွင် ဗုံးပေါက်ကွဲ၍ လူ ၈ ဦးသေဆုံး
bullet
တရုတ်နိုင်ငံအရှေ့ပိုင်းသို့ မုန်တိုင်းများ ဆင့်ကဲဝင်ရောက်
သတင်းအဖွင့်စာမျက်နှာသို့  | နိုင်ငံတကာသတင်းများသို့  | ပြည်တွင်းသတင်းများသို့ဈေးနှုန်းများဆီသို့  
Skip Navigation Links
အဖွင့်စာမျက်နှာ
| သတင်းနှင့်လှုပ်ရှားမှု
| သုတ
| ယဉ်ကျေးမှု
| ပညာရေး
| နည်းပညာ
| အားကစား
| အနုပညာ
| စာအုပ်စင်
| စတိုင်လ်
Skip Navigation Links
ကျန်းမာရေးနှင့်အလှအပ
| အလုပ်ရှာရန်
| အခမဲ့
| မိုးလေ၀သ
| ဗေဒင်
| အခမဲ့အကျိုးဆောင်ကဏ္ဍ
| တွေ့ဆုံကဏ္ဍ
Skip Navigation Links
အင်တာနက်လမ်းညွှန်
| font ရယူရန်
| ဓါတ်ပုံကဏ္ဍ
| စကားပြောခန်း
| ဘလော့ဂ်
| သင့်အဖွင့်စာမျက်နှာ
Copyright © 2008 Khit Lu Nge
All Right Reserved