Search:

ပြည်တွင်းသတင်း
နိုင်ငံတကာ သတင်း
Post Your News
Skip Navigation Links
မြန်မာနိုင်ငံတွင် အင်တာနက် အသုံးပြုသူ အရေအတွက် လေးသိန်းကျော် ရှိနေပြီး ရန်ကုန်မြို့သည် အင်တာနက် သုံးစွဲမှု အများဆုံးမြို့ဖြစ်ကြောင်း သိရ

31/Jul/2010

E-Mail this article Printable Version

လတ်တလောစာရင်းများအရ မြန်မာနိုင်ငံတွင် အင်တာနက် အသုံးပြုသူ အရေအတွက် လေးသိန်းကျော်ရှိနေပြီး ရန်ကုန်မြို့သည် အင်တာနက်သုံးစွဲမှု အများဆုံးဖြစ်ကြောင်း၊ မန္တလေးမြို့သည် ဒုတိယအများဆုံး သုံးစွဲသည့် မြို့ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။ မြန်မာနိုင်ငံတွင် အင်တာနက် တပ်ဆင်ထားသော လိုင်းအရေအတွက်မှာ ၄၀၀၀၀ ကျော်ရှိပြီး အများစုမှာ ADSL အင်တာနက်လိုင်းဖြင့် ချိတ်ဆက်ထားခြင်း ဖြစ်ကြောင်း  သိရှိရသည်။ ADSL လိုင်းဖြင့် အင်တာနက် သုံးစွဲသူအရေအတွက်မှာ ရန်ကုန်မြို့၌ အများဆုံးဖြစ်ပြီး အရေအတွက်အားဖြင့် ၅၀၀၀ ၀န်းကျင်ရှိကြောင်း သိရှိရသည်။ အင်တာနက်သုံးစွဲမှုများ၏ ရာခိုင်နှုန်း အများအပြားသည် လုပ်ငန်းပိုင်းဆိုင်ရာ အသုံးပြုမှုအတွက် တပ်ဆင်ထားခြင်းဖြစ်ပြီး အချို့ကသာ နေအိမ်များတွင် တပ်ဆင်ထားခြင်း ဖြစ်ကြောင်း သိရှိရသည်။  'အခုလက်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေနဲ့ အင်တာနက်လိုင်းတွေအဖြစ် MPT Satellite Terminal လိုင်း၊ Dial Up လိုင်းနဲ့ Wimax  လိုင်းတွေကို အများပြည်သူတွေဆီ သုံးစွဲခွင့် ချထားပေးလျက် ရှိပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ အင်တာနက်ကဖေးက အင်တာနက်လိုင်းတွေကိုလည်း တိုးချဲ့ချထားပေးလျက် ရှိပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ခရိုင်မြို့ကြီးတွေ အားလုံးနီးပါးကိုလည်း အင်တာနက်ကွန်ရက် လွှမ်းခြုံမှု ရှိစေဖို့ ADSLလိုင်းတွေ တိုးချဲ့ တပ်ဆင်ပေးပြီး ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အများဆုံး အသုံးပြုနေတဲ့ အင်တာနက်လိုင်း အမျိုးအစားက ADSL အမျိုးအစား ဖြစ်ပြီး ပြည်နယ်နဲ့တိုင်းရှိ မြို့ကြီး ၄၂ မြို့မှာ ADSL လိုင်းနဲ့ အင်တာနက် အသုံးပြုသူ တစ်သောင်းကျော် ရှိနေပြီဖြစ်ပါတယ်'ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။ ထို့ပြင်ပြည်တွင်း၌ အင်တာနက်မြန်နှုန်းများ မြှင့်တင်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ဖိုက်ဘာ ဆက်ကြောင်းများအပြင် ပြည်တွင်း ဆက်ကြောင်းများ၌လည်း Bandwidth များ တိုးချဲ့နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။ ထို့ပြင် နယ်စပ်ဖြတ်ကျော် ဆက်ကြောင်းများအဖြစ် အိန္ဒိယ၊ တရုတ်၊ ထိုင်းနိုင်ငံများနှင့် ချိတ်ဆက်ထားကြောင်း သိရှိရသည်။ထို့ပြင် ပြည်တွင်းအင်တာနက် မြန်နှုန်းများ ပိုမိုမြှင့်တင်နိုင်မည့် Fiber to Home စနစ်ကို ဆောင်ရွက်လျက်ရှိရာ ယခုအချိန်၌ မန္တလေးတိုင်းအတွင်း စတင်ဝန်ဆောင်မှု ပေးလျက်ရှိပြီး ရန်ကုန်မြို့၌လည်း မကြာမီ အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိကြောင်း ၂၀၁၀ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

E-Mail this article Printable Version
နောက်ဆုံးရ အခြားပြည်တွင်းသတင်းများ
bullet
ပါတီအချို့ လူထုစည်းရုံးရေး စတင်ပြီ
bullet
မြန်မာ့ဆန်ဈေး တစ်တန်လျှင် အမေရိကန်ဒေါ်လာ ငါးဆယ်တက်
bullet
မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်း အဖွဲ့ဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌအပါအ၀င် ဗဟိုအမှုဆောင် လေးဦး နိုဝင်ဘာရွေးကောက်ပွဲတွင် အမတ်လောင်းများအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် နုတ်ထွက်
bullet
ပဲခူးတိုင်းဒေသကြီး ပဲခူး၊ ဒိုက်ဦးနှင့် မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်တို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင် ရေကြီးမှုများဖြစ်ပွား
bullet
ထိုင်းဆေးဝါးများ ဈေးကွက်တွင် ရှားလာခြင်းကြောင့် အိန္ဒိယဆေးဈေးမြင့်
bullet
စားသုံးရန်မသင့်ဟု ကြေညာထားသော နိုင်ငံခြားဖြစ် စားဆီအချို့ကိုဈေးကွက်တွင် ပြန်လည်တွေ့ရှိ
သတင်းအဖွင့်စာမျက်နှာသို့  | နိုင်ငံတကာသတင်းများသို့  | ပြည်တွင်းသတင်းများသို့ဈေးနှုန်းများဆီသို့  
Skip Navigation Links
အဖွင့်စာမျက်နှာ
| သတင်းနှင့်လှုပ်ရှားမှု
| သုတ
| ယဉ်ကျေးမှု
| ပညာရေး
| နည်းပညာ
| အားကစား
| အနုပညာ
| စာအုပ်စင်
| စတိုင်လ်
Skip Navigation Links
ကျန်းမာရေးနှင့်အလှအပ
| အလုပ်ရှာရန်
| အခမဲ့
| မိုးလေ၀သ
| ဗေဒင်
| အခမဲ့အကျိုးဆောင်ကဏ္ဍ
| တွေ့ဆုံကဏ္ဍ
Skip Navigation Links
အင်တာနက်လမ်းညွှန်
| font ရယူရန်
| ဓါတ်ပုံကဏ္ဍ
| စကားပြောခန်း
| ဘလော့ဂ်
| သင့်အဖွင့်စာမျက်နှာ
Copyright © 2008 Khit Lu Nge
All Right Reserved