လွန်ခဲ့သောနှစ်ရက်ခန့်က အီရန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးက သန့်စင်ပြီး ယူရေ
နီယံ လဲလှယ်ရန် ကိစ္စ အဆင်ပြေမည်ဖြစ်ကြောင်းပြောဆိုခဲ့သော်လည်းယမန်နေ့က
မူ အီရန်သမ္မတက နိုင်ငံပိုင် ရုပ်မြင်သံကြားမှ တစ်ဆင့် အီရန်နိုင်ငံအနေဖြင့် ယူရေနီ
ယံကို ၂၀ရာခိုင်နှုန်းအထိ သန့်စင်ခြင်းလုပ်ငန်းကိုနိုင်ငံတွင်းတွင်ဆောင်ရွက်မည်ဖြစ်
ကြောင်း ထုတ်ဖော်ပြောဆိုသည်။ အနောက်နိုင်ငံများနှင့် ဆိုးဝါးစွာ လိပ်ခဲတင်းလင်း
ဖြစ်နေစဉ် ဤကဲ့သို့ ပြောကြားခြင်းဖြစ်သည်။ ၄င်းမှတစ်ဆင့်အနုမြူလက်နက်ထုတ်
လုပ်နိုင်သည့် သန့်စင်ပြီး ယူရေနီယံ ရရှိအောင်တိုးမြှင့်ဆောင်ရွက်မည်ကိုအနောက်
နိုင်များက စိုးရိမ်လျက်ရှိသည်။ လက်နက်ထုတ်လုပ်ရန်အတွက်ယူရေနီယံကို ၉၀ရာ
ခိုင်နှုန်းအထိ သန့်စင်ရမည်ဖြစ်သည်။လောလောဆယ်တွင်၎င်းလုပ်ငန်းအတွက် လို
အပ်သော နည်းပညာများ အီရန်နိုင်ငံတွင် မရှိပေ။
(ဘီဘီစီ)