မြန်မာလိဂ်ပွဲတွေ ပရိသတ် စိတ်ဝင်စားမှု ပိုလာအောင် ဆောင်ရွက်
8/Feb/2010
|
|
|
လာမယ့်မြန်မာနေရှင်နယ်လိဂ် ၂၀၁၀ပြိုင်ပွဲမှာပရိသတ်စိတ်ဝင်စားမှုပိုရဖို့ဘောလုံးပွဲအပြင် တခြား
အစီအစဉ်တွေကိုပါ ဘောလုံးပွဲမစမီအချိန်တွေမှာ တွဲဖက်လုပ်ဆောင်မယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့
ချုပ်မှာသိရတယ်။ ‘လာမယ့်ပွဲမှာဘောလုံးပွဲအပြင်ပွဲမစခင် ကံစမ်းမဲတွေ၊ ဂိမ်းကစားနည်းတွေ၊ အစားအ
သောက်အစီအစဉ်တွေပြုလုပ်ဖို့ရှိပါတယ်၊ အသေးစိတ်တော့မသိရသေးဘူး၊ ကလပ်အသင်းပိုင်ရှင်တွေ၊
လုံခြုံရေးတွေရဲ့ ပေးနိုင်တဲ့အတိုင်းအတာပေါ် မူတည်ပြီး လုပ်မှာပါ’ လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ
သတင်းနှင့် ပြန်ကြားရေးတာဝန်ခံဦးစိုးမိုးကပြောပါတယ်။မြန်မာနေရှင်နယ်လိဂ် ၂၀၁၀ပြိုင်ပွဲကို မတ်လ
ပထမအပတ် ဒါမှမဟုတ် ဒုတိယအပတ်မှာ စတင်မှာဖြစ်ပြီး အောက်တိုဘာလအထိ ပြုလုပ်မှာပါ။ ပွဲစဉ်
တွေကို ပရိသတ်စိတ်ဝင်စားမှု ပိုများအောင်နဲ့လူတန်းစား အရွယ်စုံမရွေး လာကြည့်နိုင်အောင် ကွင်းဝင်
ကြေးကိုဈေးမတက်ဘဲတခြားအစီအစဉ်တွေထပ်မံ ထည့်သွင်းမယ်လို့သိရတယ်။ ဦးစိုးမိုကပဲ“လာမယ့်
လိဂ်မှာဇွဲကပင်၊ မနောမြေ၊ နေပြည်တော်ဆိုပြီး သုံးသင်းထပ်တိုးတယ်၊ လက်ရှိရှစ်သင်းနဲ့ဆို ၁၁သင်း
ပေါ့၊ အဲဒီအခါ ပွဲတွေများလာမယ်၊ ပရိသတ်ရိုးအီးမသွားအောင်အခုလိုဖျော်ဖြေရေးအစီအစဉ်တွေလုပ်
ဖို့စီစဉ်ရတာပါ။ အိမ်ကွင်း၊အဝေးကွင်းကစားဖြစ်ရင်တော့အချိန် အတိုးလျှော့ရှိမယ်၊ ကွင်းဝင်ကြေးက
တော့ အပြောင်းအလဲမရှိပါဘူး”လို့ရှင်းပြတယ်။ ‘အသင်းတွေအားလုံးကလဲပြိုင်ဆိုင်မှုပြင်းထန်လာကြ
ပြီ၊ အသင်းတွေလဲများလာပြီ၊ မြန်မာလိဂ်နှစ်ကြိမ်ကစားပြီးချိန်မှာအဆင့်နှစ်တစ်ကြိမ်၊လေးတစ်ကြိမ်နဲ့
ကျေနပ်လိုက်ရတယ်၊ လာမယ့်ပွဲမှာ ပရိသတ်တွေကျေနပ်အားရအောင်အကောင်းဆုံးပြင်ဆင်မှုတွေနဲ့
ချန်ပီယံဆုရဖို့ပြင်ဆင်ထားပါတယ်’ လို့ရန်ကုန်ယူနိုက်တက်အသင်းနည်းပြချုပ်ဦးမျိုးလှိုင်ဝင်ကပြော
ကြားကြောင်း ၂၀၁၀ခုနှစ် ဖေဖ်ာဝါရီ ၅ရက်နေ့ထုတ် မော်ဒန်ဂျာနယ်တွင်ဖော်ပြထားပါသည်။
|
|