ပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းရင်းသား ရိုးရာပွဲ ကျင်းပမည်
8/Feb/2010
|
|
|
(၆၃)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုသောအားဖြင့် တိုင်းရင်းသားရိုးရာဝတ်စုံနှင့်
ရိုးရာအစားအစာရောင်းချပွဲကို ဖေဖော်ဝါရီ ၁၂ရက်မှ ၁၄ရက်အထိ ရန်ကုန်မြို့အင်းလျားလမ်း
ရှိ စိမ်းလန်းစိုပြည်ဥယျာဉ်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။ ဖွင့်ပွဲအခမ်းအနားကို
ဖေဖော်ဝါရီ ၁၂ရက် နံနက် ၈နာရီခွဲတွင် ပြုလုပ်သွားမည်ဖြစ်ပြီးနေ့စဉ်နံနက် ၉နာရီမှ ညနေ ၆
နာရီအထိ ရောင်းချသွားမည်ဖြစ်သည်။ အစားအစာများကို တိုင်းရင်းသားများ ကိုယ်တိုင်စီစဉ်
ချက်ပြုတ်ကြမှာဖြစ်ပြီး ရိုးရာဝတ်စုံများ ၀တ်ဆင်ကာ ရောင်းချသွားမည်ဖြစ်ကြောင်း၊ တိုင်းရင်း
သားအဖွဲ့အလိုက် ရိုးရာအကများ၊ သီချင်းများကို ဖျော်ဖြေသွားရန်စီစဉ်လျက်ရှိသည်။ ရန်ကုန်
မြို့ရှိ တိုင်းရင်းသားလူမျိုးအသီးသီး၏ စာပေနှင့်ယဉ်ကျေးမှုကော်မတီများ၊အသင်းအဖွဲ့များက
ဥယျာဉ်အတွင်းရှိ သတ်မှတ် နေရာများတွင် ရိုးရာအစားအစာများနှင့် ရိုးရာဝတ်စုံများကို ဈေး
နှုန်းချိုသာစွာဖြင့်လာရောက်ရောင်းချသွားမည်ဖြစ်ပြီးဒေသထွက်ကုန်များကိုလည်းပစ္စည်းမှန်၊
ဈေးနှုန်းမှန်ရောင်းချပေးနိုင်ရန်အတွက် သက်ဆိုင်ရာဒေသ အသီးသီးသို့ ကြိုတင် မှာယူထား
ကြောင်း ၂၀၁၀ခုနှစ်ဖေဖော်ဝါရီလ ၉ရက်နေ့ထုတ် Flower News ဂျာနယ်တွင်ဖော်ပြထားပါ
သည်။
|
|