အင်တာနက်ဆိုင် လိုင်စင်ကြေးနှင့် လစဉ်ကြေးများ လျှော့ချပေး
8/Feb/2010
|
|
|
တစ်နိုင်ငံလုံးရှိအင်တာနက်ဆိုင်များ အပါအဝင်ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်
အတွက်လိုင်စင်လျှောက်ထားသည့်ဈေးနှုန်းနှင့်လစဉ်ကြေးများကို ၂၀၀၉ခုနှစ် နိုဝင်ဘာအတွင်း
မှစတင်ကာလျှော့ချပေးခဲ့ကြောင်းမြန်မာအင်ဖိုတက်ခ်မှသိရသည်။အင်တာနက်ဆိုင်များ၏ လိုင်
စင်ကြေးကို ယခင်က ကျပ်ငါးသိန်းဟု သတ်မှတ်ထားခဲ့ပြီး လစဉ်ကြေးကိုကျပ်ငါးသောင်းသတ်
မှတ်ထားခဲ့ကြောင်းသိရသည်။ ယခုနိုဝင်ဘာလမှ စတင်လျှော့ချပေးခဲ့သောဈေးနှုန်းမှာကျပ်နှစ်
သိန်းဟု သိရပြီး လစဉ်ကြေးမှာ ကျပ်သုံးသောင်းဖြစ်ကြောင်းသိရသည်။ အဆိုပါဈေးနှုန်းလျော
့ချမှုသည် သတ်မှတ်မြို့နယ် အားလုံးအတွက် အကျုံးဝင်သည်ဟု ဆိုသည်။ အင်တာနက်ဆိုင်
များအတွက် လိုင်စင်ဈေးနှုန်းနှင့် လစဉ်ကြေးများပြောင်းလဲရာတွင် ရန်ကုန်တိုင်းအတွင်းရှိ လှိုင်
သာယာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ ၊ သာကေတ၊ ဒေါပုံ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ (မြောက်ပိုင်း)
စသည့်မြို့နယ်တွင် ဖွင့်လှစ်သော အင်တာနက်ဆိုင်များနှင့် တစ်နိုင်ငံလုံးရှိ မြို့နယ်များမှ အင်
တာနက်ဆိုင်များကို ဈေးနှုန်းပြောင်းလဲလျှော့ချပေးခဲ့ကြောင်းသိရသည်။ ၂၀၁၀ဇန်နဝါရီအထိ
အင်တာနက်ဆိုင်အရေအတွက်သည်ရန်ကုန်မြို့တွင်း ၄၉၇ဆိုင်၊ မြို့ပြင် ၁၃ဆိုင်၊မန္တလေးတွင်
၁၉ဆိုင်၊ အခြားသော နယ်မြို့များတွင် ၁၄၃ ဆိုင်နှင့် တစ်နိုင်ငံလုံးတွင် ၆၇၂ ဆိုင်ကို လိုင်စင်
ထုတ်ပေးနိုင်ခဲ့ကြောင်း ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့ထုတ် Flower News ဂျာနယ်တွင်
ဖော်ပြထားပါသည်။
|
|