Search:

ပြည်တွင်းသတင်း
နိုင်ငံတကာ သတင်း
Post Your News
Skip Navigation Links
ပြည်ပပို့ကုန် မြန်မာ့ ပရိဘောဂပစ္စည်းများအတွက် ဒီဇိုင်းပြိုင်ပွဲ ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပမည် အရွေးချယ်ခံ ဒီဇိုင်းများကို ကော်မရှင်ခ သုံးနှစ်အထိ ခံစားခွင့်ပေးမည်

11/Dec/2009

E-Mail this article Printable Version

      ပြည်တွင်းပြည်ပ ဈေးကွက်များသို့ တင်ပို့ရောင်းချသည့် မြန်မာ့ပရိဘောဂ

ပစ္စည်းများထုတ်လုပ်ရာတွင် အသုံးပြုမည့် ဒီဇိုင်းများအတွက် ' မြန်မာ့ပရိဘော

ဂပစ္စည်းများအတွက် ဒီဇိုင်းပြိုင်ပွဲ ၂၀၁၀' ကို ကျင်းပမည် ဖြစ်သည်ဟု သိရှိရပါ

သည်။ အဆိုပါဒီဇိုင်းပြိုင်ပွဲတွင် ထူးခြားချက် များစွာရှိနေပြီး အထူးသဖြင့် ပါဝင်

ယှဉ်ပြိုင်သူများအတွက် အကျိုးခံစားခွင့်ပေးမည့် အစီအစဉ်နှင့် ကိုယ်စွမ်းဥာဏ်

စွမ်းဖြင့် ကြိုးစားထုတ်လုပ်ထားသည့် ဒီဇိုင်းများကိုအခြားသူများတုပခိုးယူထုတ်

လုပ်ခြင်းမရှိစေရန် ကာကွယ်ပေးမည့်အချက်များ ပါဝင်နေသည်ဟု သိရသည်။

ရွေးချယ်ခံရသည့် ဒီဇိုင်းများအတွက် ဆုကြေးငွေအပြင် အဆိုပါဒီဇိုင်းကို အသုံး

ပြုထုတ်လုပ်၍ ပြည်တွင်းပြည်ပဈေးကွက်များသို့ ဖြန့်ဖြူးရောင်းချသွားရန် စီစဉ်

ထားကြောင်း၊ အရွေးချယ်ခံဒီဇိုင်းဖြင့်ထုတ်လုပ်တင်ပို့ရောင်းချသမျှတန်ဖိုးအား

လုံးအပေါ်၌ ကော်မရှင်ခတစ်ရပ် သတ်မှတ်၍ ဒီဇိုင်းပညာရှင်အား သုံးနှစ်အထိ

အဆိုပါကော်မရှင်ကို ခံစားခွင့်ပေးသွားမည်ဟု သိရသည်။ ရွေးချယ်ခံရသည့် ဒီ

ဇိုင်းများကိုလည်း တခြာသူများခိုးယူတုပထုတ်လုပ်ခြင်းမရှိစေရန်ကာကွယ်ပေး

သွားမည့် အစီအစဉ်တစ်ရပ်ကို ထည့်သွင်းပေးထားခြင်းမှာလည်းထူးခြားသည့်

အချက်ဖြစ်သည်ဟု ဒီဇိုင်းပညာရှင်များကသုံးသပ်ခဲ့ကြသည်။ဒီဇိုင်းပြိုင်ပွဲကိုမြန်

မာနိုင်ငံသစ်လုပ်ငန်းရှင်များအသင်းမှ ကြီးမှူး၍ ပရိဘောဂ ထုတ်လုပ်တင်ပို့သူ

လုပ်ငန်းရှင်များက ဦးဆောင်ကျင်းပခြင်း ဖြစ်ပြီး ပြိုင်ပွဲဝင်မည့် ဒီဇိုင်းကို ၂၀၁၀

ပြည့်နှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နောက်ဆုံးထားကာ မြန်မာနိုင်ငံ သစ်လုပ်

ငန်းရှင်များအသင်းသို့ ပေးပို့ရမည်ဖြစ်ကြောင်း ၂၀၀၉ခုနှစ် ဒီဇင်ဘာ ၁၁ ရက်

နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

E-Mail this article Printable Version
နောက်ဆုံးရ အခြားပြည်တွင်းသတင်းများ
bullet
ပါတီအချို့ လူထုစည်းရုံးရေး စတင်ပြီ
bullet
မြန်မာ့ဆန်ဈေး တစ်တန်လျှင် အမေရိကန်ဒေါ်လာ ငါးဆယ်တက်
bullet
မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်း အဖွဲ့ဥက္ကဋ္ဌနှင့် ဒု-ဥက္ကဋ္ဌအပါအ၀င် ဗဟိုအမှုဆောင် လေးဦး နိုဝင်ဘာရွေးကောက်ပွဲတွင် အမတ်လောင်းများအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် နုတ်ထွက်
bullet
ပဲခူးတိုင်းဒေသကြီး ပဲခူး၊ ဒိုက်ဦးနှင့် မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်တို့၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင် ရေကြီးမှုများဖြစ်ပွား
bullet
ထိုင်းဆေးဝါးများ ဈေးကွက်တွင် ရှားလာခြင်းကြောင့် အိန္ဒိယဆေးဈေးမြင့်
bullet
စားသုံးရန်မသင့်ဟု ကြေညာထားသော နိုင်ငံခြားဖြစ် စားဆီအချို့ကိုဈေးကွက်တွင် ပြန်လည်တွေ့ရှိ
သတင်းအဖွင့်စာမျက်နှာသို့  | နိုင်ငံတကာသတင်းများသို့  | ပြည်တွင်းသတင်းများသို့ဈေးနှုန်းများဆီသို့  
Skip Navigation Links
အဖွင့်စာမျက်နှာ
| သတင်းနှင့်လှုပ်ရှားမှု
| သုတ
| ယဉ်ကျေးမှု
| ပညာရေး
| နည်းပညာ
| အားကစား
| အနုပညာ
| စာအုပ်စင်
| စတိုင်လ်
Skip Navigation Links
ကျန်းမာရေးနှင့်အလှအပ
| အလုပ်ရှာရန်
| အခမဲ့
| မိုးလေ၀သ
| ဗေဒင်
| အခမဲ့အကျိုးဆောင်ကဏ္ဍ
| တွေ့ဆုံကဏ္ဍ
Skip Navigation Links
အင်တာနက်လမ်းညွှန်
| font ရယူရန်
| ဓါတ်ပုံကဏ္ဍ
| စကားပြောခန်း
| ဘလော့ဂ်
| သင့်အဖွင့်စာမျက်နှာ
Copyright © 2008 Khit Lu Nge
All Right Reserved