ရန်ကုန် သမဝါယမ ဒီဂရီကောလိပ် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှု ဗဟိုဌာန သင်တန်းဝင်ခွင့် လျှောက်လွှာ ခေါ်ယူခြင်း
10/Oct/2009
|
|
|
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှု ဗဟိုဌာန တွင် ဒီပလိုမာ (၁)နှစ်သင်တန်းများ
ကို ဖွင့်လှစ်မည်ဖြစ်သည်။ ၄င်းသင်တန်းများမှာ Diploma in English နှင့် Diploma
in Computer Studies စသည့်ဘာသာရပ်များကို ပြင်ပကျွမ်းကျင် ပညာရှင်များဖြင့်
ပူးပေါင်းပို့ချမည်ဖြစ်သည်။ ၄င်းသင်တန်းသို့တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီးသူ
များ တက်ရောက်နိုင်ပြီး သင်တန်းကာလမှာ ၁ နှစ်သင်တန်းဖြစ်သည်။ ၂၀၀၉ ခုနှစ်
အောက်တိုဘာလ ၂၉ရက်နေ့(ကြာသပတေးနေ့)မှစတင်ပြီးတနင်္လာနေ့မှသောကြာ
နေ့အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်သည်။ အသေးစိတ်သိရှိလိုပါက ဖုန်း ၅၄၂၈၁၅၊
၅၅၉၁၇၃ သမဝါယမကူးသန်းရောင်းဝယ်ရေးဗဟိုဌာန၊ တတိယထပ်၊ ဆရာစံလမ်း
နှင့် တက္ကသိုလ်ရိပ်သာလမ်းသစ်ထောင့်၊ ဗဟန်းမြို့နယ် သို့ ဆက်သွယ်စုံစမ်းနိုင်
ကြောင်း ၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင်
ဖော်ပြထားပါသည်။
|
|