ခွေးနှစ်ဖွား
31.12.09 မှ 14.1.10 ကြား(လဆုတ်)
အမျိုးသမီးမိတ်ဆွေတစ်ဦးထံမှ အထောက်အကူရမည်။ မိခင်၏ဆွေမျိုးဖြစ်စေ၊ မိတ်ဆွေဖြစ်စေ ကောင်းသောအထောက်အကူပေးမည်။ စိတ်ချမ်းသာစရာများ ဆက်တိုက်ကြုံမည်။ အလှူမင်္ဂလာကိစ္စများ ကြုံမည်။ လက်လွန်ထားသောငွေ၊ ဆုံးနေသောငွေများ ပြန်လည်ရရှိမည်။ အရပ်ဝေး၊ နိုင်ငံခြားနှင့်ပတ်သက်သောကိစ္စများ ဆောင်ရွက်ရန် အထူးကောင်းသည်။ ကိုယ်တိုင်လည်းပြည်ပခရီးရှိမည်။ ကိုယ်ဆောင်ရွက် ပေး၍ လည်းသူတစ်ပါးတွင်ပြည်ပခရီးသွားရမည်။ နိုင်ငံရပ်ခြားနှင့် ပတ်သက်သောအကျိုးကောင်းများ အပြည့်အဝခံစားရမည်။ အလုပ်နေရာ၏ အနောက်မြောက်အရပ်တွင် ကြွေထည်ပစ္စည်းတချို့ထားရှိလိုက်ပါ။
|
|