|
|
|
|
မောင်မြန်မာ စက်ဘီးတစ်မျိုးတည်းသာ ယှဉ်ပြိုင်နိုင်မည့် စက်ဘီးပြိုင်ပွဲ ကျင်းပမည်
|
|
|
|
|
|
|
|
|
|
|
|
စက်မှု(၁)ဝန်ကြီးဌာနမှထုတ်လုပ်သည့်မောင်မြန်မာစက်ဘီများဖြင့်သာဝင်ရောက်ယှဉ်ပြိုင်ရမည့်
ပြိုင်ပွဲအား ဖေဖော်ဝါရီလ ၂၈ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပသွားမည်ဟု သတင်းရရှိသည်။ အဆိုပါ
မောင်မြန်မာ စက်ဘီး ပြိုင်ပွဲတွင် အလွတ်တန်း(အမျိုးသား၊ အမျိုးသမီး) ပြိုင်ပွဲ၊ တိုင်းနှင့် ပြည်နယ်
(ကြည်း၊ ရေလေ)လက်ရွေးစင်(အမျိုးသား၊အမျိုးသမီး)ပြိုင်ပွဲ ဟူ၍ပါဝင်မည် ဖြစ်သည်။ “အမျိုးသား
ပြိုင်ပွဲက သုဝဏ္ဏအားကစားကွင်းဂိုးလ်ဟိုတယ်ရှေ့ကနေတာလွှတ်ပြီး၊ ဝေဇယန္တာလမ်း၊ သုဓမ္မလမ်း
နဲ့အမှတ်(၃)လမ်းမကြီးအတိုင်း အမှတ်(၃)လမ်းမ(အဝိုင်း)ကပြန်လှည့်ပြီး ဂိုးလ်ဟိုတယ်ရှေ့မှာ ပန်း
ဝင်မှာပါ။ အမျိုးသမီး ပြိုင်ပွဲကတော့ အမှတ်(၁) လမ်းမကြီးနဲ့လှည်းကူး လမ်းဆုံ(အဝိုင်း)ကနေတာ
လွှတ်ပြီး ဂိုးလ်ဟိုတယ်ရှေ့မှာပန်းဝင်မှာပါ”ဟု မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။ အလွတ်တန်းပြိုင်ပွဲအတွက်ပထမကျပ်ငါးသိန်း၊ ဒုတိယကျပ်သုံးသိန်း၊ တတိယကျပ်နှစ်
သိန်းငါးသောင်း၊ တိုင်းနှင့်ပြည်နယ် (ကြည်း၊ ရေ၊ လေ) လက်ရွေးစင်ပြိုင်ပွဲအတွက်ပထမကျပ်လေး
သိန်း၊ ဒုတိယ ကျပ်သုံးသိန်း၊ တတိယကျပ်နှစ်သိန်းငါးသောင်းချီးမြှင့်မည်ဖြစ်ပြီး၊အမှတ်စဉ်(၂၀)အ
ထိပန်းဝင်သူများကိုလည်းဆုကြေးငွေများချီးမြှင့်သွားမည်ဖြစ်သည်။ပြိုင်ပွဲဝင်မည့်အားကစားသမား
များသည် ဖေဖော်ဝါရီလ၂၅ရက်နောက်ဆုံးထား၍မြန်မာနိုင်ငံစက်ဘီးအဖွဲ့ချုပ်(သုဝဏ္ဏအားကစား
ကွင်း) သို့သတင်းပေးပို့ရမည်ဖြစ်ကြောင်းသိရသည်။ မောင်မြန်မာစက်ဘီးပြိုင်ပွဲအားဇန်နဝါရီလအ
တွင်းကမန္တလေးမြို့တွင် ကျင်းပခဲ့ပြီး၊ လာမည့်မတ်လ ၂ ရက်တွင်လည်း မုံရွာမြို့တွင် မောင်မြန်မာ
လူသစ်တန်းစက်ဘီးပြိုင်ပွဲကိုဆက်လက် ကျင်းပသွားမည်ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီ ၎
ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင်ဖော်ပြထားပါသည်။
|
|
|
|
|
More News |
|