အားကစားသတင်း
 RSS Help
Search:  





 

လက်ရွေးစင်အသင်းအတွက် လူရွေးချယ်ရန် ဘိလိယက်ပြိုင်ပွဲ ကျင်းပမည်

      မြန်မာ့လက်ရွေးစင်ဘိလိယက်အားကစားသမားများရွေးချယ်မည့်ပြိုင်ပွဲအားရန်ကုန်မြို့၊အောင်ဆန်း

အားကစားပြိုင်ဝင်းအတွင်းရှိ မြန်မာနိုင်ငံဘိလိယက်နှင့်စနူကာအဖွဲ့ချုပ်လေ့ကျင့်ခန်းမတွင် ပြုလုပ်သွား

မည်ဟု သတင်းရရှိသည်။ အဆိုပါပြိုင်ပွဲအားဖေဖော်ဝါရီလ ၁၀ရက်တွင်စတင်ကျင်းပသွားမည်ဖြစ်သည်။

“ဆီးဂိမ်းပြီးကတည်းက လက်ရွေးစင်ကစားသမားတွေစခန်းသွင်းလေ့ကျင့်တာကို ရပ်နားထားခဲ့ပါတယ်။

နောက်လာမယ့် နိုင်ငံတကာပြိုင်ပွဲတွေအတွက် ဒီပြိုင်ပွဲကနေ ရွေးချယ်လေ့ကျင့်သွားမှာပါ။ လက်ရွေးစင်

အားကစားသမားတွေကိုလည်း ပြန်အရွေးခံကစားရမှာပါ”ဟု မြန်မာ့ဘိလိယက်လက်ရွေးစင်နည်းပြချုပ်

ဒေါက်တာဦးမင်းနိုင်ကပြောသည်။ ၎င်းပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်ဦးရေ ကန့်သတ်ထားခြင်းမရှိဘဲပြိုင်ပွဲဝင်

ကစားသမား အရေအတွက်ပေါ်မူတည်၍ပွဲစဉ်ဇယားရေးဆွဲသွားမည်ဖြစ်သည်။ယခုပြိုင်ပွဲမှလက်ရွေးစင်

ဘိလိယက်အားကစားသမားများ ရွေးချယ်၍လာမည့်ဧပြီလအတွင်း အိန္ဒိယနိုင်ငံ၊ အင်ဒိုမြို့တွင် ကျင်းပ

မည့် ၉ကြိမ်မြောက်အာရှချန်ပီယံရှစ်ဘိလိယက်ပြိုင်ပွဲအတွက်စခန်းသွင်းလေ့ကျင့်သွားမည်ဖြစ်ကြောင်း

နည်းပြချုပ်က ဆက်လက်ပြောသည်။ အထက်ပါပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်လိုသည့်အားကစားသမားမည်

သူမဆို ဖေဖော်ဝါရီလ ၅ရက်နောက်ဆုံးထား၍ အဖွဲ့ချုပ်ရုံးခန်း(အောင်ဆန်းကစား ပြိုင်ဝင်းသို့ စာရင်း

ပေးသွင်းနိုင်ကြောင်း သတင်းရရှိသည်။ မြန်မာဘိလိယက်အားကစားအဖွဲ့သည် ပြီးခဲ့သည့် လာအိုဆီး

ဂိမ်းပြိုင်ပွဲ၌ တစ်ဦးချင်းပြိုင်ပွဲနှင့် နှစ်ယောက်တွဲပြိုင်ပွဲတွင် ငွေတံဆိပ်တစ်ခုစီရရှိခဲ့ပြီး၊ ဗိုလ်လုပွဲစဉ်တွင်

ကျော်ဦးက စင်ကာပူနာမည်ကြီး အားကစားသမား  ပီတာဂေးခရေ့စ်အား လည်းကောင်း၊ ကျော်ဦးနှင့်

အောင်ဌေးအတွဲက ထိုင်းအတွဲအားလည်းကောင်းရှုံးနိမ့်ခဲ့ခြင်းဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီ ၎

ရက်နေ့ထုတ် 7 Day News ဂျာနယ်တွင်ဖော်ပြထားပါသည်။

More News   

Skip Navigation Links
အဖွင့်စာမျက်နှာ
| သတင်းနှင့်လှုပ်ရှားမှု
| သုတ
| ယဉ်ကျေးမှု
| ပညာရေး
| နည်းပညာ
| အားကစား
| အနုပညာ
| စာအုပ်စင်
| စတိုင်လ်
Skip Navigation Links
ကျန်းမာရေးနှင့်အလှအပ
| အလုပ်ရှာရန်
| အခမဲ့
| မိုးလေ၀သ
| ဗေဒင်
| အခမဲ့အကျိုးဆောင်ကဏ္ဍ
| တွေ့ဆုံကဏ္ဍ
Skip Navigation Links
အင်တာနက်လမ်းညွှန်
| font ရယူရန်
| ဓါတ်ပုံကဏ္ဍ
| စကားပြောခန်း
| ဘလော့ဂ်
| သင့်အဖွင့်စာမျက်နှာ
Copyright © 2008 Khit Lu Nge
All Right Reserved