|
|
|
|
ပညာရေးဝန်ကြီးဌာန တက္ကသိုလ်၊ ဒီဂရီကောလိပ်များ တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနား ကျင်းပ
|
|
|
|
|
|
|
|
|
|
|
|
ပညာရေးဝန်ကြီးဌာန တက္ကသိုလ်၊ ဒီဂရီကောလိပ်များ တင်းနစ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို
ဖေဖော်ဝါရီ ၁ ရက်နေ့နံနက် ၇ နာရီတွင်ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ တက္ကသိုလ်များ တင်းနစ်
အားကစားကွင်း (သထုံလမ်း) ၌ကျင်းပရာ မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်နာယက ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊မြို့တော်ဝန်ဗိုလ်မှူးချုပ်အောင်သိန်းလင်းနှင့်တာဝန်ရှိသူများ၊
အဆင့်မြင့် ပညာဦးစီးဌာန (အောက်မြန်မာပြည်) ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ၊ မြန်မာ
နိုင်ငံ တင်းနစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအောင်မော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးလေးနိုင်နှင့် အမှု
ဆောင်များ၊ဖိတ်ကြားထားသူများနှင့် တင်းနစ်အားကစားဝါသနာရှင်များတက်ရောက်ကြည့်ရှုအား
ပေးကြသည်။ ရှေးဦးစွာ အဆင့်မြင့် ပညာဦးစီးဌာန ( အောက်မြန်မာပြည်) ညွှန်ကြားရေးမှူးချုပ်
ဦးဇော်ဌေးကအဖွင့်အမှာစကားပြောကြားပြီးပြိုင်ပွဲဝင်တင်းနစ် အားကစား မောင်မယ်များက အား
ကစားသစ္စာအဓိဋ္ဌာန်လေးချက်ကိုရွတ်ဆိုကြသည်။ ထို့နောက် မြန်မာနိုင်ငံတင်းနစ်အဖွဲ့ချုပ်နာယ
ကရန်ကုန်မြို့တော်ဝန်ဗိုလ်မှူးချုပ်အောင်သိန်းလင်းကတင်းနစ်ရိုက်၍ပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ယင်းနောက်တက္ကသိုလ်၊ ဒီဂရီကောလိပ်များ တင်းနစ်ပြိုင်ပွဲ၏ ပထမနေ့အဖြစ် အမျိုးသားအသင်း
လိုက်ပြိုင်ပွဲနှင့် အမျိုးသမီးအသင်းလိုက် ပြိုင်ပွဲများကို စတင်ကျင်းပသည်။ အဆိုပါ တက္ကသိုလ် ၊
ဒီဂရီကောလိပ်များတင်းနစ်ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၀ရက်အထိ နေ့စဉ်နံနက် ၈နာရီတွင်ယင်းတင်း
နစ်ကွင်း၌ ကျင်းပသွားမည်ဖြစ်ကြောင်း ၂၀၁၀ခုနှစ် ဖေဖော်ဝါရီ ၂ ရက်နေ့ထုတ် ကြေးမုံသတင်း
စာတွင်ဖော်ပြထားပါသည်။
|
|
|
|
|
More News |
|