|
|
Wednesday, September 12, 2007
|
|
အားလုံးအတွက်
|
|
|
ကျွှန်တော် ဘလော့ ကိုရေးချင်နေတာကြာပါပြီ။ အခုမှပဲရေးရတော့တယ်။ အားလုံးအတွက် ပေးဆပ်သွားမှာပါ။
|
|
Posted By zmt 9/12/2007 11:35:14 AM
|
|
|
Wednesday, July 18, 2007
|
|
စိတ်ဝိဥာဉ်
|
|
သူ့အနားမှာ အရိပ်ပမာ နေရပါလည်း မတွေ့ခဏ တဒင်္ဂဝယ် စိတ်အစဉ်သည် ပျံ့လွင့်မတတ် စေအပ်ဘဲ သူ့ဆီလှမ်းကာနေမိတယ်။ |
|
Posted By zmt 7/18/2007 11:27:59 AM
|
|
|
Friday, June 22, 2007
|
|
ဒေါသကိုထိန်းချုပ်နိုင်သောနည်းလမ်းများ
|
|
ဒေါသကိုထွက်ခြင်းဟာသွေးတိုးရောဂါ၊စိတ်ဓာတ်ကျရောဂါ၊နှလုံးရောဂါတွေနဲ့ ဆက်စပ်မှုရှိပါတယ်။ဒေါသကြီးတဲ့လူတွေဟာဒေါသနည်းတဲ့သူတွေနဲ့နှိုင်းယှဉ်ရင်နှလုံး ရောဂါ (Heart attack) ဒါမှမဟုတ်သေစေနိုင်တဲ့နှလုံးသွေးကြောကျဉ်းရောဂါသုံးဆပို ဖြစ် လွယ်ပါတယ်။ ဒါကြောင့် ရောဂါမရအောင်ကိုယ့်ကိုယ်ကိုကာကွယ်နိုင်ဖို့ဒေါသ ကို ထိန်းချုပ်နိုင်တဲ့အချက်တွေကိုဖော်ပြပေးလိုက်ပါတယ်။
- ဒေါသ ထွက်လာပြီဆိုရင်အသက်ရှူလိုက်ပါ၊ ရင်ဘတ် တစ်ခုလုံးနဲ့ အပြည့်အ
သက်ရှူသွင်းပြီးရှုထုတ်လိုက်ပါ။
- လေကိုရှူသွင်းရှူထုတ် တစ်မိနစ်လောက် ပြုလုပ်ပြီးတဲ့အခါသင့်မှာတင်းအား
တွေလျော့သွားပါလိမ့်မယ်။
- သင်ဟာညစာစားပွဲမှာငြင်းရင်းခုံရင်းဒေါသဖြစ်ချင်နေပြီဆိုရင်တောင်အသက်
ရှူသွင်း/ရှူထုတ်လေ့ကျင့်ခန်းကိုပြုလုပ်နိုင်ပါတယ်။ပြီးရင်ခဏအနားယူလိုက် ပါ။
- ဒေါသထွက်တဲ့ အခါအနေအထားကိုပြောင်းလဲလိုက်ပါ။ ဖြစ်နိုင်ရင် အခန်းထဲ
ကနေထွက်သွားလိုက်တာမျိုး၊လမ်းထလျှောက်တာမျိုးပြုလုပ်ပေးလိုက်ပါ။
- စိတ်တိုတိုနဲ့စကားမပြောမိအောင်တစ်ကနေတစ်ဆယ်အထိရေတွက်ပါ။ သင့်
ကိုယ်သင် ကမ်းခြေတစ်နေရာရာမှာရောက်သလို စိတ်ကူးယဉ်ပါ။ဒါမှမဟုတ် သင့်ကိုယ်သင်စိတ်သက်သာစေမယ့် စကားလုံးတွေနဲ့နှစ်သိမ့်လိုက်ပါ။ သက် ပြင်းမှုတ်ထုတ်ပါ။
- သင်ဟာဒေါသကြီးတတ်တဲ့သူ တစ်ဦးဆိုရင်နေ့စဉ်အားကစားပြုလုပ်ပေးပါ။
ကိုယ်ကာယလှုပ်ရှားမှုဟာစိတ်ဖိစီးမှုပြေပျောက်စေတဲ့ကြီးမားတဲ့စွမ်းအင်ကို ပေးပါတယ်။
- ယောကကျင့်စဉ်လိုဖြည်းဖြည်းနဲ့ ညင်ညင်သာသာအကြောဆန့်ရတဲ့လှုပ်ရှား
မှုကိုလည်းကြိုးစားကြည့်နိုင်ပါတယ် ဟု Good Health Journal တွင်ဖော်ပြ ထားသည်။
|
|
Posted By zmt 6/22/2007 4:52:42 PM
|
|
|