|
ကိုယ်တကယ်ချစ်တဲ့သူဆိုရင် ကိုယ်လိုချင်တဲ့ ပုံစံကို ပြုပြင်ယူမယ်ဆိုတဲ့ အိန္ဒြာကျော်ဇင်
|
|
|
|
|
|
ကိုယ့်ကိုယ်ကိုယ် အရမ်းအမွှမ်းတင်ပြီးတော့ ပြောတာကို မကြိုက်ဘူးလို့ပြောတဲ့ အိန္ဒြာကျော်ဇင်ကို သူမရဲ့စိတ်ခံစားချက်တွေနဲ့ ပတ်သက်ပြီး မေးဖြစ်ခဲ့တာတွေက……
“မုန်းတယ်” ကားထဲက ကောင်လေး ပုံစံမျိုးကို အူဝဲအနေနဲ့ လက်တွေ့မှာ ကြုံလာရမယ်ဆိုရင် ဘယ်လို တုံ့ပြန်မှာလဲ
အစ်မအဲဒီလောက် ဟော့ဟော့ရမ်းရမ်းကြီးတော့ မကြိုက်ဘူး။ အဲဒီအထဲက လောက်တော့ ပြင်းထန်မယ် မထင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အစ်မရဲ့စိတ်ဓါတ်က အဲဒီလောက် မပြင်းထန်ဘူး
အပြင်မှာ ဟော့ဟော့ရမ်းရမ်း ကောင်လေး တစ်ယောက်နဲ့ တွေ့ခဲ့ရင် အူဝဲရဲ့စိတ်ထဲမှာ သူ့ကို ဘာပြောချင်မလဲ
ကိုယ်တကယ် ချစ်မိတဲ့သူဆိုရင် တော့ကိုယ် လိုချင်တဲ့ ပုံစံကို ပြုပြင်ယူမှာပေါ့။ ဘာမှမဆိုင်တဲ့သူ ဆိုရင်တော့ တွေ့ခဲ့ရင် စိတ်ဝင်စားမှာလည်း မဟုတ်တော့ လှည့်ကိုကြည့်မိမှာ မဟုတ်ဘူး။ သူ့ရဲ့ စိတ်နေစိတ်ထားကို ပြောတာ မဟုတ်ဘူး။ အစ်မက ယောက်ျားလေး တစ်ယောက်ရဲ့ ပုံစံက ဟော့လွန်းရင်ကို မကြိုက်တာ။
“ချစ်လို့စတာနာတယ်” ဆိုတဲ့ ကားထဲကလို ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုငိုအောင် စခဲ့လို့ရှိရင် စိတ်ဆိုးမှာလား။ ခွင့်လွှတ်မှာလား။
အဲဒီခဏလေး အတောအတွင်းမှာတော့ ကိုယ်မျက်ရည် ကျလောက်တဲ့အထိ ဖြစ်သွားတယ်ဆိုတဲ့ ခံစားမှုတစ်ခုတော့ ရှိမှာပေါ့။ အစ်မအနေနဲ့ ပြောမယ်ဆိုရင်တော့ အပြင်ကအစ်မရဲ့ စိတ်က ဘာပဲဖြစ်နေဖြစ်နေ ကိုယ့်ကိုဘယ်လောက်ပဲ စစ စတာ မဟုတ်ဘဲနဲ့ ရန်ငြိုးနဲ့ပဲ လုပ်လုပ် ခဏပဲ။ ကိုယ်က စိတ်တိုရင်လည်း တိုမယ်။ ဒေါသဖြစ်ရင်လည်း ဖြစ်သွားမယ်။ အဲဒီစိတ်ဟာ စိတ်ထဲမှာ အကြာကြီး ဘယ်တော့မှ မဖြစ်ဘူး၊ အလွန့်အလွန်ဆုံး နှစ်ရက်ပဲ။ ပြီးရင်စိတ်ထဲမှာ ဘာမှမရှိတော့ဘူး။ ပျောက်သွားရော အဲဒါကြောင့်မိုလို့လည်း ကိုယ်က အရှုံးတွေနဲ့ ရင်ဆိုင်နေရတာ။
အူဝဲကရော သူများတကာကို စရနောက်ရတာ ဝါသနာပါလား။ ငိုလောက်အောင်ရောစဖူးလား။ အူဝဲရော ငိုအောင် အစခံရဖူးလား
စတတ်၊ နောက်တတ်တဲ့အကျင့်က အရမ်းပြင်းပြင်းထန်ထန်ကြီးတော့ မဟုတ်ဘူး။ အပျော်သဘောလောက်ပဲ ရှိတယ်။ ငယ်ငယ်တုန်းကတော့ ကိုယ့်ဦးလေးတွေဘာတွေက စရင်ငိုလောက်တဲ့အထိ ဖြစ်တာတော့ ကြုံဖူးတယ်။ ငယ်ငယ်တုန်းကတော့ အော်ငိုတာပေါ့။ ကလေး စိတ်ဆိုတော့လည်းလေ။ နောက်တော့လည်း ပြီးသွားတာပေါ့။
အခုအချိန်မှာ သာမန် မိန်းကလေး ဘဝကို တခါပြန်ပြီး တောင့်တမိတာ၊ သတိရမိတာရောရှိလား
ရှိတယ်။ အလုပ်တွေတအား များသွားတဲ့အခါ ရှင်းရှင်းပြောရရင် အခုလိုအချိန်ပဲ။ အခုအချိန်က ပွင့်လင်း ရာသီလည်းရောက်တော့ စီးပွားရေး ကြော်ငြာတွေရော။ ရုပ်ရှင်ရိုက်တဲ့ ရာသီလည်းဖြစ်တော့ အရမ်းအလုပ်များတယ်။ အဲဒီအခါကျတော့နည်းနည်း Relax ခဏတစ်ဖြုတ် လုပ်လိုက်ချင်တာမျိုးတော့ ရှိတာပေါ့။ ဘာမှတာဝန်မရှိတဲ့ ပေါ့ပေါ့ပါးပါးနဲ့ သာမန်မိန်းကလေး ဘဝကို တစ်ခါတလေ ကျတော့လည်း လိုချင်တယ်။ (၂၀၀၉ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့ထုတ် ပေါ်ပြူလာဂျာနယ်)
|
|