|
သရုပ်ဆောင်မှုပိုင်းမှာလည်း အားပေးပါ လိုအပ်တာတွေ ရှိရင်လည်း ဝေဖန်ပါဆိုတဲ့ ဝတ်မှုန်ရွှေရည်
|
|
|
|
|
|
ဘေဘုတ်ကြော်ငြာ တီဗီကြော်ငြာတွေ အများဆုံးနဲ့ ပရိသတ် အသိအမှတ်ပြုခြင်းကို ခံလာရတဲ့ သရုပ်ဆောင် ဝတ်မှုန်ရွှေရည်ကတော့ ယခုဗီဒီယို ဇာတ်ကားများ စတင်သရုပ်ဆောင်နေပြီ ဖြစ်ပါတယ်။ ဇာတ်ကား သရုပ်ဆောင်အတွက် ကမ်းလှမ်း ခံထားရတာတွေ ရှိတဲ့အတွက် သရုပ်ဆောင် အလုပ်ကို ရှေ့ဆက် လုပ်ဖြစ်နေမှာပါဆိုတဲ့ ဝတ်မှုန်ရွှေရည်နဲ့ ဓါတ်ပုံရိုက်ကွင်း တစ်နေရာမှ တွေ့ဆုံတော့ ရှေ့ဆက် အနုပညာခရီးလမ်း လျှောက်လှမ်းမှုများနဲ့ ပတ်သက်လို့ မေးမြန်း ဖြစ်ခဲ့ပါတယ်။
ကြော်ငြာဘက်မျာအောင်မြင်မှုလိုပဲ သရုပ်ဆောင်ပိုင်းမှာရော နောက်ပိုင်းဘာတွေ ဆက်လုပ်မယ်လို့ ပြင်ဆင် ထားလဲ
ပရိတ်သတ်ကို ကိုယ့်ရဲ့ အနုပညာနဲ့ ပတ်သက်ပြီး ဇာတ်ကားတွေမှာဆို ကာရိုက်တာ မရွေးဘဲ မျိုးစုံ ရိုက်ချင်ပါတယ်။ အဲ့ဒီအတွက် လည်းပရိသတ်က သမီးရဲ့အနုပညာတွေကို အားပေးပါ။ ဝေဖန်ပါ။ သမီးလည်း အကောင်းဆုံး ကြိုးစားပါ့မယ်။ အခုသမီး သရုပ်ဆောင်ခဲ့တာက ကိုယ့်ဘက်က အတတ်နိုင်ဆုံး ဒါရိုက်တာ ပြောပြသလောက်ရယ်၊ ဒါရိုက်တာ လိုချင်တဲ့ ပုံစံလေးလည်း ဝင်အောင်၊ ကိုယ့်ဘက်ကလည်း ကြိုးစားပြီး စိတ်နှစ်ပြီး လုပ်ထားပါတယ်။ လိုအပ်တာရှိရင်လည်း ဖြည့်ပြီး ကြည့်ပေးပါ။ (၂၀၀၉ခုနှစ် အောက်တိုဘာ ၅ ရက်နေ့ထုတ် အချစ်ဂျာနယ်)
|
|